မမ အတွက် မောင်
Monday, 8 July 2013
Sunday, 7 July 2013
အခါလွန်မိုး – မောင်စိန်ဝင်း (ပုတီးကုန်း)
ဘဝအဖော်မဖြစ်ပေမယ့်
ခဏအပျော် ချစ်မဟုတ်ခဲ့ပါ…။
မာနာသိက္ခာ အရှုံးထား
နှလုံးသားမှာ ကဗ္ဗည်းထိုး
မြတ်နိုးတွယ်တာ…။
မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ့်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြှားလိုစူး…။
သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော၊ဘယ်လိုကြည့်
ဘယ်လိုထိ၊ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေထင်…ထင်ပါရဲ့
ရင်…ရင်မှာ သမုဒယ ဆူးတွေကြောင့်…
(အချစ်ရယ်…)
အခုဘဝတော့ရူး…။
လွမ်းစံပယ် – မောင်စိန်ဝင်း (ပုတီးကုန်း)
တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ကြွေတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(မ...ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။
Subscribe to:
Comments (Atom)